OpenTaxi · ကိုယ်ရေးအချက်အလက် မူဝါဒ
Privacy policy
ပြင်ဆင်ချိန် · Updated: 2026-10-22 · အကောင့်ဖျက်ရန် · Delete your account
မြန်မာ
OpenTaxi ဟာ ရန်ကုန်နဲ့ မန္တလေးမှာ တက္ကစီမောင်းရတဲ့ အခမဲ့ ဂိမ်းပါ။ ဝဘ်ဆိုက် (game.drnyeinchan.com/opentaxi၊ myanmar.opentaxi.world/opentaxi) မှာရော Android app OpenTaxi (world.opentaxi.app၊ ဒီဂိမ်းကိုပဲ ဖွင့်ပေးတာ) မှာရော ဒီမူဝါဒ တစ်ခုတည်း သုံးပါတယ်။ ဂိမ်းကို ငွေရှာဖို့ မလုပ်ထားပါ။
- ကြော်ငြာ မရှိပါ။ အချက်အလက် ဘယ်သူ့ကိုမှ မရောင်းပါ။ cookie မသုံးပါ။
- ဖုန်းရဲ့ GPS တည်နေရာ၊ ကင်မရာ၊ အဆက်အသွယ်စာရင်း မယူပါ။ မိုက်ကို သူငယ်ချင်းအခန်းထဲမှာ 🎤 နှိပ်မှသာ သုံးပါတယ်။
- အကောင့်မဝင်ဘဲ ဆော့လို့ရပါတယ်။ Google နဲ့ ဝင်တာက ကိုယ့်ရွေးချယ်မှုပါ။
- အကောင့်ကို ဂိမ်းထဲကနေ ကိုယ်တိုင် ဖျက်လို့ရပါတယ်။
၁။ အကောင့်မဝင်ဘဲ ဆော့ရင်
- ဖုန်း/ကွန်ပျူတာထဲမှာပဲ: ပိုက်ဆံ၊ ခရီး၊ ဆက်တင်တွေ (localStorage)၊ မြေပုံအချက်အလက် (IndexedDB)၊ ဂိမ်းဖိုင်တွေ (cache)။ ကျွန်ုပ်တို့ဆီ မရောက်ပါ။
- ဆော့နေကြောင်း အချက်ပြ (ping): ဂိမ်းဖွင့်ချိန်နဲ့ ၅ မိနစ်တစ်ခါ ပို့ပါတယ်။ ပါတာ: ဒီဖုန်းအတွက် ကျပန်းထုတ်ထားတဲ့ နံပါတ် (ID)၊ မြို့၊ ဆော့ချိန်၊ ဖုန်း/ကွန်ပျူတာ၊ ထိန်းပုံ၊ စနစ်နဲ့ ဖုန်းမော်ဒယ်၊ ဂရပ်ဖစ်ချစ်ပ်၊ အကောင့်ဝင်ထား/မထား၊ ဂိမ်းထဲ ဘာလုပ်ခဲ့လဲ (ဥပမာ တက္ကစီမောင်း၊ ဘယ်အထင်ကရနေရာနား)။ Cloudflare က IP ကနေ သိတဲ့ နိုင်ငံကိုသာ မှတ်ပါတယ်။ IP၊ နာမည်၊ အကောင့် မပါပါ။ ရက် ၉၀ ခန့်ကြာရင် အလိုလို ပျက်ပါတယ်။ ဂိမ်းဘယ်လောက် ဆော့ကြလဲ သိဖို့ပဲ သုံးပါတယ်။
- လူများတဲ့ နေရာ (busy areas): ping နဲ့အတူ မြို့မြေပုံရဲ့ ၂၅၀ မီတာ အကွက်တခုစီမှာ ဘယ်လောက်ကြာကြာ ရှိခဲ့လဲ၊ ကားနဲ့လား၊ ပျံနေလား၊ လမ်းလျှောက်လားကို ပို့ပါတယ်။ ဆိုက်က ဒါတွေကို ping ID နဲ့ ခွဲပြီး မြို့တခုလုံးအတွက် တနာရီချင်း ပေါင်းကာ စုစုပေါင်းကိုသာ သိမ်းပါတယ် (ID၊ ဖုန်း၊ နိုင်ငံ၊ နာရီထက် တိကျတဲ့ အချိန် မပါ)။ တနာရီအတွင်း ping ၅ ခုနဲ့ ဖြတ်သွားတာ ၅ ကြိမ် အနည်းဆုံး ရှိတဲ့ အကွက်ကိုသာ ဂိမ်းထိန်းသူတွေ မြင်ရလို့ လူတယောက်ရဲ့ လမ်းကြောင်းကို မသိနိုင်ပါ။ ရက် ၉၀ ခန့် သိမ်းပြီး မြို့ရဲ့ ဘယ်နေရာတွေ ဆော့ကြလဲ သိဖို့ပဲ သုံးပါတယ်။
၂။ Google နဲ့ အကောင့်ဝင်ရင် (မဖြစ်မနေ မဟုတ်)
- Google ရဲ့ Firebase Authentication နဲ့ ဝင်ပါတယ်။ ကျွန်ုပ်တို့ဆီ ရောက်တာ: Google အကောင့် ID၊ နာမည်၊ အီးမေးလ်၊ အီးမေးလ် အတည်ပြုပြီး/မပြီး။
- သိမ်းတာ: ကစားသူ ID၊ Firebase ID၊ နာမည် (Google က နာမည်မပေးရင် အီးမေးလ်ရဲ့ @ ရှေ့ကစာ၊ ဂိမ်းထဲမှာ ပြင်လို့ရ)၊ ဘာသာစကား၊ ဝင်တဲ့ရက်။ အီးမေးလ်ကို အကောင့်နဲ့အတူ မသိမ်းပါ (အောက်က အစီရင်ခံစာမှာသာ)။
- Cloud save: ပိုက်ဆံ၊ ခရီးအရေအတွက်၊ ဆီ၊ မိုင်၊ ဂိမ်းထဲ အချိန်/ရာသီဥတု၊ မြို့တစ်ခုစီမှာ နောက်ဆုံးရပ်ခဲ့တဲ့နေရာ (ဂိမ်းမြေပုံပေါ်က နေရာ၊ တကယ့် GPS မဟုတ်)၊ ဆက်တင်နဲ့ ဝတ်စုံ။ ဖုန်းအသစ်မှာ ဆက်ဆော့လို့ရအောင်ပါ။
- Google ပရိုဖိုင်ပုံကို ကိုယ့်ဖုန်းထဲမှာ Google ဆာဗာကနေ တိုက်ရိုက်ပြတာပါ၊ ကျွန်ုပ်တို့ မသိမ်းပါ။
၃။ အစီရင်ခံစာ (📝 / F8၊ အခန်းထဲက "တိုင်မယ်")
- ကိုယ်တိုင် ပို့မှသာ ရောက်ပါတယ်။ ပါတာ: ရေးတဲ့စာ၊ ညွှန်ပြတဲ့ နေရာတွေ၊ ဂိမ်းမြင်ကွင်းပုံ (ဂိမ်းပုံပဲ၊ ကင်မရာ မဟုတ်)၊ ဂိမ်းထဲ နေရာ/အချိန်/ရာသီဥတု/ဂရပ်ဖစ်၊ browser (user agent)၊ ဖုန်းမော်ဒယ်နဲ့ ချစ်ပ်၊ ping ID။
- အကောင့်ဝင်ထားရင် အကောင့် ID နဲ့ အီးမေးလ် တွဲပါတယ် (ပြန်မေးလို့ရအောင်)။ နိုင်ငံ၊ ပို့တာ များလွန်းတာ တားဖို့ IP ကို hash လုပ်ထားတဲ့ အတိုကောက်။
- ကစားသူကို တိုင်ရင် သူ့နာမည်၊ အခန်းကုဒ်နဲ့ သူပြောခဲ့တဲ့ နောက်ဆုံးစာ (၅ ကြောင်းအထိ) တွဲပါတယ်။
- Cloudflare ရဲ့ database နဲ့ private storage ထဲ သိမ်းပြီး ဂိမ်းထိန်းသိမ်းသူတွေပဲ ဖတ်ပါတယ်။ အကောင့်ဖျက်ရင် အဲဒီအကောင့်က ပို့ထားတာတွေ ပါ ပျက်ပါတယ်။
- Facebook Page: OpenTaxi ရဲ့ Facebook Page မှာ ရေးတဲ့ comment နဲ့ Page ကို ပို့တဲ့ message တွေကိုလည်း ဒီစာရင်းထဲ ထည့်ပါတယ်။ ပါတာ: ရေးတဲ့စာ (စာလုံး ၂၀၀၀ အထိ)၊ ရေးတဲ့အချိန်၊ comment လား message လား၊ ဘယ် post အောက်လဲ၊ ရေးသူရဲ့ Facebook ID ကို hash လုပ်ထားတဲ့ အတိုကောက် (တယောက်တည်းရဲ့ စာတွေကို ခွဲသိဖို့ပဲ၊ ဘယ်သူလဲ မသိနိုင်)။ နာမည်၊ ပုံ၊ profile link မသိမ်းပါ။ ဂိမ်းထိန်းသိမ်းသူတွေပဲ ဖတ်ပါတယ်။
၄။ သူငယ်ချင်းအခန်း (စာနဲ့ အသံ)
- အကောင့်ဝင်ထားသူပဲ၊ ဖိတ်ခံရမှ၊ အခန်းပိုင်ရှင် ဝင်ခွင့်ပေးမှ ဝင်ရပါတယ်။ အများဆုံး ၅ ယောက်။ ဘုံ chat မရှိပါ။
- အခန်းထဲက တခြားသူတွေ မြင်ရတာ: နာမည်၊ ပုံစံ၊ ဂိမ်းထဲ နေရာနဲ့ ကား၊ ရေးတဲ့စာ။
- စာ: ဆာဗာကနေ အခန်းထဲကလူတွေဆီ ဖြတ်ပို့ပြီး နောက်မှဝင်လာသူအတွက် မှတ်ဉာဏ်ထဲ နောက်ဆုံး ၅၀ ကြောင်း ခဏထားပါတယ်။ ဘယ်မှာမှ မသိမ်းပါ။ လူအားလုံး ထွက်သွားရင် ပျက်ပါတယ်။
- အသံ: 🎤 ဖွင့်မှသာ။ ဖုန်းအချင်းချင်း တိုက်ရိုက် (WebRTC၊ encrypt လုပ်ထား)၊ တိုက်ရိုက်မရရင် Cloudflare relay (TURN) ကနေ ဖြတ်ပါတယ်။ မှတ်တမ်း မတင်ပါ။
- ကစားသူတိုင်းဘေးမှာ "တိုင်မယ်" နဲ့ "ပိတ်မယ်" ရှိပါတယ်။ ပိတ်ရင် သူ့စာ မမြင်ရ၊ အသံ မကြားရတော့ဘဲ ကိုယ့်အခန်းထဲ ဝင်ခွင့်မရတော့ပါ (ဒီဖုန်းမှာ မှတ်ထားတာ)။ အခန်းပိုင်ရှင်က လူကို ထုတ်လို့ရပါတယ်။
၅။ သုံးထားတဲ့ ဝန်ဆောင်မှုတွေ
- Cloudflare: ဆိုက်၊ database (D1)၊ ပုံသိမ်းတာ (R2)၊ အခန်း (Durable Objects)၊ ping စာရင်း (Analytics Engine)၊ အသံ relay (TURN)။
- Google: အကောင့်ဝင်ခြင်း (Firebase Authentication)၊ စာလုံးပုံစံ (Google Fonts: ဂိမ်းဖွင့်တိုင်း Google ဆာဗာကနေ ယူတာမို့ Google က IP ကို မြင်ပါတယ်)။
- ကြော်ငြာ၊ analytics SDK၊ crash reporting တခြားဟာ မသုံးပါ။
၆။ ကလေးများ
ဂိမ်းကို ၁၃ နှစ်အောက် ကလေးတွေအတွက် ရည်ရွယ်ထားတာ မဟုတ်ပါ။ စာ/အသံ ပါတဲ့ အခန်းတွေမှာ Google အကောင့် လိုပါတယ်။ ကလေးတစ်ယောက်ရဲ့ အချက်အလက် ရောက်နေတယ်ဆိုရင် ဆက်သွယ်ပါ၊ ဖျက်ပေးပါမယ်။
၇။ ဖျက်ခြင်း
- ဂိမ်းထဲမှာ: ဆက်တင် → အကောင့်နဲ့ သူငယ်ချင်း → "အကောင့် စီမံမယ်…" → "အကောင့် ဖျက်မယ်…" → ခလုတ်ကို ၂ စက္ကန့် ဖိထားပါ။ Cloud save၊ နာမည်၊ အကောင့်က ပို့ထားတဲ့ အစီရင်ခံစာနဲ့ ပုံတွေ၊ အခန်းဝင်ခဲ့တဲ့ မှတ်တမ်း ပျက်ပါတယ်။ ဒီဂိမ်းအတွက် Google (Firebase) မှာရှိတဲ့ အကောင့်မှတ်တမ်းကိုလည်း ဖျက်ပါတယ် (Google က အတည်ပြုခိုင်းရင် ထပ်ဝင်ပေးရပါမယ်၊ မရရင် ကျွန်ုပ်တို့ကို ရေးပို့ပါ)။ Google အကောင့် ကိုယ်တိုင်ကတော့ မထိခိုက်ပါ။
- ဂိမ်းထဲ မဝင်နိုင်ရင်: support@opentaxi.world ကို Google အီးမေးလ်နဲ့ ရေးပို့ပါ။ ရက် ၃၀ အတွင်း ဖျက်ပေးပါမယ်။
- ဖုန်းထဲက အချက်အလက်: app ကို uninstall လုပ်တာ (သို့) browser ရဲ့ site data ရှင်းတာနဲ့ ပျက်ပါတယ်။ ping တွေမှာ နာမည်/အကောင့် မပါလို့ ရက် ၉၀ အတွင်း အလိုလို ပျက်ပါတယ်။
၈။ လုံခြုံရေး
ဆက်သွယ်မှုအားလုံး HTTPS ပါ။ အကောင့် token ကို ဆာဗာမှာ စစ်ပါတယ်။ အစီရင်ခံစာနဲ့ ပုံတွေကို private storage မှာ ထားပြီး ထိန်းသိမ်းသူတွေပဲ ဖတ်လို့ရပါတယ်။
ဆာဗာ မှတ်တမ်း : ဂိမ်းကို တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ ဆာဗာဆီ ရောက်လာတဲ့ တောင်းဆိုမှုတွေ (IP၊ အချိန်၊ တောင်းတဲ့ လိပ်စာ၊ browser၊ အဖြေ) ကို Cloudflare က ရက်အနည်းငယ် (အများဆုံး တစ်ပတ်) မှတ်ထားပြီး ထိန်းသိမ်းသူတွေပဲ ကြည့်ပါတယ်။ တစ်နေရာတည်းက အကြိမ်များလွန်းတာ တားဖို့ IP ကို ခဏ ရေတွက်ပါတယ်၊ မသိမ်းပါ။
၉။ မူဝါဒ ပြောင်းရင် · ဆက်သွယ်ရန်
ပြောင်းရင် ဒီစာမျက်နှာမှာ ရက်စွဲနဲ့ ပြင်ပါမယ်။ မေးစရာရှိရင်: support@opentaxi.world။ ဂိမ်းကို ဖန်တီးသူ: Nyein Chan Ko Ko။
English
OpenTaxi is a free game: drive a taxi round Yangon and Mandalay. This one policy covers the website (game.drnyeinchan.com/opentaxi, myanmar.opentaxi.world/opentaxi) and the Android app OpenTaxi (world.opentaxi.app), which opens the same game. The game makes no money.
- No ads. We sell no data to anyone. No cookies.
- No GPS location, camera or contacts. The microphone is used only when you tap 🎤 in a friends' room.
- You can play without an account; signing in with Google is your choice.
- You can delete your account yourself, in the game.
1. Playing without signing in
- Kept on your device only: your money, trips and settings (local storage), map data (IndexedDB) and the game's files (cache). None of it is sent to us.
- Presence pings, when the game opens and every 5 minutes while you play. They hold: a random id made on your device, the city, how long you've played, phone or computer, how you steer, your system, phone model and graphics chip, whether you are signed in, and what you did in the game (for example driving the taxi near a landmark). Cloudflare adds the country, worked out from your IP address; the IP itself is not kept, nor your name or account. They are kept about 90 days, and used only to see how the game is played.
- Busy areas: with the ping, the game also sends how long it spent in each 250 m square of the city's map, and whether in a vehicle, flying or on foot. The site parts these from the ping id, adds them up per hour for the whole city, and keeps only the totals: no id, device, country or time finer than the hour. A square is shown to the game's maintainers only when at least five pings and five passes went through it in that hour, so no one player's way can be seen. Kept about 90 days, and used only to see which parts of the city are played most.
2. Signing in with Google (optional)
- Sign-in goes through Google's Firebase Authentication. We receive your Google account id, name, email address and whether the email is verified.
- We keep: a player id of our own, the Firebase id, your name, your language and dates. If Google gives no name, the part of your email before the @ is used; you can change it in the game. Your email is not kept with your account (only with a report, below).
- Cloud save, so you can play on from another phone. It holds your money, number of trips, fuel, distance driven, the game's time and weather, where you stopped in each city (a place on the game's map, not your real location), your settings and your outfit.
- Your Google profile picture is shown on your device, straight from Google's servers; we don't keep it.
3. Reports (📝 / F8, and "Report" in a room)
- A report reaches us only if you send it. It holds:
- your note and the spots you point at;
- a picture of the game's view (the game, not your camera);
- where you are in the game, the time, the weather and the graphics;
- your browser (user agent), phone model and chip;
- the ping id.
- If you are signed in, your account id and email are added, so we can reply. Also added: the country, and a short hash of your IP, used only to stop floods of reports.
- Reporting a player also sends their name, the room's code and their last messages (up to 5).
- Reports are kept in Cloudflare's database and private storage, read only by the game's maintainers. Deleting your account deletes the reports it sent.
- OpenTaxi's Facebook Page: comments on its posts and messages to the Page go into the same list. Kept: the text (up to 2,000 characters), when, whether a comment or a message, the post it is under, and a short hash of the writer's Facebook id (to tell one person's posts apart, never who they are). No name, picture or profile link. Read only by the game's maintainers.
4. Friends' rooms (chat and voice)
- Only signed-in players, by invitation, and only once the room's owner lets them in; up to 5 players. There is no public chat.
- The others in the room see your name, your look, where you are in the game and what you drive, and what you write.
- Chat is passed on by our server to the others in the room. The last 50 lines are held in memory for anyone who joins late; they are never written to storage, and they are gone when everyone has left.
- Voice is on only while your 🎤 is on. It goes from phone to phone over WebRTC (encrypted). If phones can't connect directly, it goes through Cloudflare's relay (TURN). Nothing is recorded.
- Beside each player are Report and Block.
- Blocking hides their messages, mutes their voice and keeps them out of rooms you own. It is kept on your device.
- A room's owner can also put a player out.
5. Services we use
- Cloudflare:
- hosting;
- the database (D1) and picture storage (R2);
- the rooms (Durable Objects);
- ping counts (Analytics Engine);
- the voice relay (TURN).
- Google:
- sign-in (Firebase Authentication);
- fonts (Google Fonts). These are loaded from Google's servers each time the game opens, so Google sees your IP address.
- No advertising, analytics SDKs or crash reporting.
6. Children
OpenTaxi is not directed at children under 13. Friends' rooms, with chat and voice, need a Google account. If you believe a child's data has reached us, contact us and we will delete it.
7. Deleting your data
- In the game: Settings → Account and friends → Manage account… → Delete my account…, then hold the button for 2 seconds. This deletes:
- your cloud save and your name;
- the reports your account sent, and their pictures;
- the record of the rooms you joined;
- this game's sign-in record at Google (Firebase). Google may ask you to confirm by signing in once more; if that can't be done, write to us and we delete it.
- If you can't get into the game: write from your Google email to support@opentaxi.world. We delete within 30 days.
- On your device: uninstalling the app, or clearing the site's data in your browser, deletes it. Pings carry no name or account, and they expire within about 90 days.
8. Security
All traffic is HTTPS. Sign-in tokens are checked on our server. Reports and their pictures are in private storage, readable only by the maintainers.
Server logs: to protect the game from attacks, Cloudflare keeps a log of the requests that reach our server (IP address, time, the address asked for, the browser, the answer) for a few days (a week at most), read only by the maintainers. Requests are counted per IP address for a moment, to stop floods from one place; the counts are not kept.
9. Changes and contact
If this policy changes, this page changes, with a new date. Questions: support@opentaxi.world. The game is made by Nyein Chan Ko Ko.